။ ပြိုင်ဆိုင်ခြင်း ။

။ လေဟုန်ပြင်းပြင်းပြိုင်ဆိုင်ခြင်းတိုက်လေချင်းအပြိုင် တိုက်ကြတယ်။ ။ ယနေ့လူချင်းပြိုင်နေခြင်းကသေခြင်းမလှ လဲကြတယ်။ ။ မပြိုင်ဆိုင်ခြင်းမေတ္တာသင်းကအေးခြင်းမြမြ ချမ်းသာတယ်။ ။ မေတ္တာအေးအေးစိတ်ရင်းဖွေးကမွှေးမွှေးကြိုင်ကြိုင် ပန်းလိုနှယ်။ ။ စင်ကြယ်စိတ်ထားဖွေးဖြူထားလှလူသားအေးမြ ကမ္ဘာလယ်။ ။ အနိုင်မယူစိတ်ရင်းဖြူကြအမူဒေါသငြိမ်းချမ်းကြွယ်။ တောမှီရဟန်း (၂၄ – ၄ – ၂၀၁၅)(ပြန်လည်ဆန်းသစ်ခြင်းကဗျာ။)